အဘိဓမ္မ ရတနာဃရ ကိုဗစ်-၁၉ ကုတင် (၃၀၀) သံဃာဆေးရုံကြီးအတွက်အလှူပစ္စည်းနှင့်အလှူငွေများပူးပေါင်းပါဝင်လှူဒါန်းနိုင်

0
38

ရန်ကုန်၊ အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေတိဂုံစေတီအရှေ့ဘက်မုခ်ရှိ အဘိဓမ္မာပြန့်ပွားရေးအသင်း၊ အဘိဓမ္မာရတနာဃရ(အဘိဓမ္မာ ဓမ္မဗိမာန်တော်)၊ ငါးထပ်ခွဲအဆောက် အအုံအား သံဃာဆေးရုံအဖြစ်ပြုပြင်မွမ်းမံပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့သံဃာတော်အပါး ၃၀၀ အား ထားရှိကုသပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF) မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

အဆိုပါ သံဃာဆေးရုံအတွက်
လိုအပ်သည့် ကုတင်၊ ခေါင်းအုံး ၊ အိပ်ရာ အစရှိသည့် သီတင်းသုံးနေထိုင်ရန် လိုအပ်သည့် ပစ္စည်းများအပြင် အာရုံဆွမ်း၊ နေ့ဆွမ်း၊ အအေး၊ ဆေးဝါး စသည့် နေ့စဉ်လိုအပ်ချက်များကိုလည်းမြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF) မှဖြည့်ဆည်းဆောင်ရွက်လျက်ပါသည်။

သို့ဖြစ်ပါ၍ အဆိုပါဆေးရုံသို့ တတ်ရောက်သီတင်းသုံးရမည့် ရဟန်းသံဃာတော်များအတွက် ပူးပေါင်းပါဝင်လှူဒါန်းလိုသည့် အလှူရှင်များ၏ ဆန္ဒအရ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် တာဝန်ရှိသူများဖြစ်သည့် ဦးအေးလင်း – ၀၉ ၅၁၀ ၄၉၈၃၊ ဦးမျိုးသီဟ – ၀၉ ၅၁ ၇၂၇၀၀ နှင့် ဦးေနမျိုးဝင်း ၀၉ ၂၅၄ ၂၆၄ ၄၈၄ တို့ထံ ဆက်သွယ်လှူဒါန်းနိုင်ပါ‌ကြောင်းအကျိုးမျှော်၍ တိုက်တွန်းနှိုး‌ဆော်အပ်ပါသည်။

သတင်း၊ ဓာတ်ပုံ – MCEF ပြန်ကြားရေး

LEAVE A REPLY

Please enter your comment!
Please enter your name here