ရန်ကုန် ၊ ဇူလိုင် ၂၅

တနသာၤရီတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း အသင်းသားစုံညီ ဇူလိုင်လပတ် အစည်းအဝေးကို ဇူလိုင်၂၄ ရက်နေ့ ညနေ ၃နာရီက ထားဝယ်မြို့ ဇေယျာထက်စံ ဟိုတယ်တွင်ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ဥက္ကဋ္ဌဦးကျော်မင်းမင်းလတ် ၊ ဒုဥက္ကဋ္ဌ ၊အထွေထွေအတွင်းရေးမှူးနှင့်CEC,ECများ အသင်းသားများ စုံညီစွာတက်ရောက်ခဲ့ကြပြီး တင်ဒါလုပ်ငန်းများ၏အခက်အခဲများကိုထပ်မံ အစိုးရထံတင်ပြနိုင် ရေးကိစ္စရပ်များ ၊ အသင်းတိုးတက်ရေးအတွက် ဗဟိုအလုပ်အမှုဆောင် များကျစ်လစ်စွာပြန်လည်ဖွ့ဲစည်းနိုင်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက်အသင်းဥက္ကဋ္ဌမှ CHIDဘဏ်ချေးငွေရရှိသူများအနေဖြင့် စနစ်တကျပြန်လည်ပေးဆောင်ကြရန် တိုက်တွန်းလိုက်ပြီး အစည်းအဝေး ကို ညနေ ၆နာရီတွင် ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။

သတင်း ၊ MCEF ပြန်ကြားရေး
ဓာတ်ပုံ ၊ Thanintharyi CEA