ရန်ကုန်၊ဇူလိုင် ၂၇

မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ကြီးမှူး၍ အသင်းဝင်များဖြင့် ဖွဲ့စည်းထားသော Mandalay Green City Public Co.,Ltd. မှ တာဝန်ယူ၍ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာ၌ အောင်မြေမန္တလာ နိုင်ငံဝန်ထမ်းအိမ်ရာ စီမံကိန်းကို တည်ဆောက်လျှက်ရှိသည်။

အဆိုပါစီမံကိန်းသို့ ယနေ့ မနက်ပိုင်း ၁၀နာရီက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့် တိုင်းအစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဝန်ကြီးများ ၊လွှတ်တော်ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများသွားရောက်ကြည့်ရှု့ခဲ့သည်။

အဆိုပါစီမံကိန်းကို၂၀၁၈ -၂၀၁၉ ဘတ်ဂျတ်ဖြင့် ၄ခန်းတွဲ ၅ထပ် ၁၂လုံး ဆောက်လုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

သတင်း၊ MCEFပြန်ကြားရေး
ဓာတ်ပုံ ၊ Mandalay CEA