ABOUT US

Myanmar Construction Entrepreneurs Federation

History
History

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းသည် ၁၉၉၆ကပင်စတင်ဖွဲ့စည်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀-၈-၁၉၉၈ ရက်စွဲပါ ခွင့်ပြု မိန့်အမှတ်၁၈၀၃ ဖြင့် လူမှုရေး အသင်းအဖွဲ့ တစ်ခုအဖြစ် စတင်ခဲ့ပါသည်။ စတင်ထူထောင်စဉ်က အဖွဲ့ဝင် ၁၅၀ ဦး ဖြင့် စတင်ခဲ့သော်လည်း ယခုအခါတွင် အဖွဲ့ဝင်ပေါင်း ၂၀၀၀ ကျော်ရှိခဲ့ပြီဖြစ်ပါသည်။

စတင်ဖွင့်လှစ်သည့် ၁၉၉၆ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် အသင်းရုံးသည် အမှတ် ၂၁၆/၂၂၂ ဗိုလ်မြတ်ထွန်းအိမ်ရာ၊ ဗိုလ်မြတ်ထွန်းလမ်း၊ ပုဇွန်တောင်မြို့နယ်တွင်တည်ရှိခဲ့ပါသည်။

၂၀၀၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် အသင်းရုံးကို ယခုလက်ရှိ နေရာသို့ အမှတ် ၃၊ သံသုမာလမ်း နှင့် ဝေဇယန္တ လမ်းဒေါင့် သုဝဏ္ဏလမ်းဆုံ၊ သင်္ကန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ် ခဲ့ပါသည်။

နိုင်ငံတော်နှင့် ပြည်သူတို့၏ လိုအပ်ချက်များကို ပုဂ္ဂလိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရင်း မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးတို့ ဖွံ့ဖြိုး တိုးတက် စေရန်အတွက် ဝိုင်ဝန်းပံ့ပိုး ဆောင်ရွက်ပေးသွားရန် ရည်ရွယ် ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပါသည်။

ခံယူထားသည့် တာဝန်
Our Mission

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်း၏ ခံယူထားသည့် တာဝန်မှာ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အားလုံးကို ကိုယ်စားပြုနိုင်ရန်ပင် ဖြစ်ပါသည်။ ဆောက်လုပ်ရေးလုပ်ငန်း ကဏ္ဍကို တိုးတက်စေရန် ဆောင်ရွက်၍ အသင်းဝင်အားလုံး အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ချဲ့ထွင် လုပ်ကိုင်ပေးနိုင်ရန်မှာ ကျွန်ုပ်တို့၏အဓိက တာဝန်ပင်ဖြစ်ပါသည်။

Chairman Message

အသင်းဥက္ကဋ္ဌ (ဦးရှိန်ဝင်း)မှ အဖွင့်အမှာစကားပြောကြားရာ ဒီနေ့မှာ MCEA အသင်းချုပ်၏ ပထမဆုံးအကြိမ် အလုပ်အမှုဆောင်အစည်းအဝေးဖြစ်ကြောင်း၊ အားလုံးတက်တက်ကြွကြွပါဝင်ပြီး...

Work Program

နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်း စေမည့် မည်သည့်လုပ်ဆောင်မှုမျိုးမဆို အခြား ရည်ရွယ်ချက်ချင်း တူညီသည့် အဖွဲ့အစည်းများနှင့် ညီညွတ်စွာပူးပေါင်းဆောင်ရွက် သွားရန်။...

Organization Chart

Federation of Myanmar Construction Entrepreneurs Association Organization Chart...

အသင်း၏ ရည်ရွယ်ချက်များ
Objectives

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်လူမှုရေး လုပ်ငန်းများတိုးတက်မှု အတွက် ဆောင်ရွက်ရာတွင် ပုဂ္ဂလိက ဆောက်လုပ်ရေး၏ အခန်းကဏ္ဍသည်အဓိက အားထားရသော ကဏ္ဍအဖြစ်ပါဝင်နေသည်နှင့် အညီ ဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းရှင်များအသင်း၏ အသင်းဝင်များ အနေဖြင့်နိုင်ငံတော်၏အဖွဲ့ အစည်းများ၊ ကုန်သွယ်မှုလုပ်ငန်းအဖွဲ့အစည်းများ၊ ဝန်ဆောင်မှု လုပ်ငန်းအဖွဲ့ အစည်းများ၊ ပညာရှင် အဖွဲ့ အစည်းများနှင့် ညီညွတ်စွာ လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်စေရန် အတွက် အောက်ပါရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ထောင် ထားခြင်းဖြစ်ပါသည်။

(၁) မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍ တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံ အဆောက်အဦများ၊ စက်ရုံများ၊ အိမ်ရာတည်ဆောက်ရာတွင် လုံခြုံစိတ်ချရပြီး ရေရှည်တည်တံ့ ခိုင်မြဲစေမည့် စွမ်းဆောင်ရည်နှင့် အရည်အသွေးကိုစနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရန်။

(၃) ဆောက်လုပ်ရေးကဏ္ဍ တိုးတက်လာသည်နှင့် အညီအလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ထွန်းလာ စေပြီး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် များအား အထောက်အကူ ပြုနိုင်စေရန်။

(၂) ပြည်တွင်း၊ ပြည်ပမှ ဆောက်လုပ်ရေးလုပ်ငန်းရှင်အဖွဲ့ အစည်းများ၊ အသိပညာ အတတ်ပညာရှင်များ၊ ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သူများ၊ ဆောက်လုပ်ရေး ပစ္စည်းရောင်းဝယ်သူများအချင်းချင်း ဆက်သွယ် ရိုင်းပင်း၍ ဆောက်လုပ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်လာပြီး နိုင်ငံတကာနှင့်ရင်ဘောင်တန်း ဆောင်ရွက် လာနိုင်စေရန်။

(၄) အသင်းသားများစည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းဆောင်တာများတွင် တတ်စွမ်းသရွေ့ ပူးပေါင်းဆောင်ရွက်လာနိုင်စေရန်။

en_USEnglish
my_MMMyanmar en_USEnglish