မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်နှင့်ဗဟိုကော်မတီဝင်များ (၁/၂၀၂၄)ဖေဖော်ဝါရီလ လပတ် အစည်းအဝေးကျင်းပ

0
88

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၅

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် MCEF ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင်များ (၁/၂၀၂၄)ဖေဖော်ဝါရီလ လပတ်အစည်းအဝေးကို ယနေ့မွန်းလွဲ (၁) နာရီက MCEF ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးရှိန်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားကိုစတင်ဖွင့်လှစ်သည်။

ထို့နောက် ယခင်အစည်းအဝေးမှတ်တမ်းကိုဖတ်ကြားပြီး လုပ်ငန်းဆောင်ရွက်ထားရှိချက်များကိုရှင်းလင်းတင်ပြသည်။

ဘဏ္ဍာရေးမှူး ဦးမောင်မောင် ( ရွှေကမ္ဘာ )က လုပ်ငန်းဆောင်ရွက်ချက်များ၊ လချုပ်ငွေစာရင်းရှင်းတမ်း၊ ဘဏ္ဍာငွေသုံးစွဲမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

တိုင်းနှင့်ပြည်နယ်အသင်းများက DICA တွင်အသင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ကိစ္စအရပ်ရပ်ကို Zoom အွန်လိုင်းမှတစ်ဆင့်တင်ပြကြသည်။

ကော်မတီ(၆)ရပ် ဥက္ကဌနှင့် အဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို အကြံပြုဆွေးနွေးကြသည်။

ထို့ပြင် တက်ရောက်လာသူများက နေပြည်တော်တွင် အသင်းရုံးတည်ဆောက်ရေးကိစ္စရပ်များကိုလည်းကောင်း၊ ပြည်သူ့အငှားအိမ်ရာစီမံကိန်းနှင့်ပတ်သက်၍ကိစ္စရပ်များကိုလည်းကောင်းအစရှိသော အထွေထွေကိစ္စရပ်များကို အပြန်အလှန်ဆွေး‌နွေးခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးရှိန်ဝင်းက နိဂုံးချုပ်အမှာစကားပြေားကြားပြီး အခမ်းအနားကို ညနေ(၃)နာရီခွဲအချိန်တွင်ရုတ်သိမ်းလိုက်သည်။

သတင်း၊ ဓာတ်ပုံ – MCEF ပြန်ကြားရေး

LEAVE A REPLY

Please enter your comment!
Please enter your name here